Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Monday, February 8, 2016

ချောက်​ချားစရာအနုပညာများ

နယူးဇီလန်က ချောက်ချားစရာ အနုပညာ ပြကွက်

နယူးဇီလန်က အော့ကန်မြို့မှာ ဒီချောက်ချားစရာ ခြံစည်းရိုးက နာမည်ကြီးဖြစ်ပါတယ်။

နယူးဇီလန်၊အော့ကလန်မြို့ရဲ့ လူသူတိတ်ဆိတ်တဲ့ရပ်ကွက်တစ်ခုက ခြံစည်းရိုးတစ်ခုမှာ ပလပ်စတစ်အရုပ်တွေရဲ့ ခြေပြတ်၊ခေါင်းပြတ်၊ လက်ပြတ်အရုပ်တွေကို တွေ့မြင်နိုင်ပါတယ်။ ကြောက်စရာ သည်းထိတ်ရင်ဖို ဇာတ်ကားရိုက်ဖို့ များ ပြင်ဆင်နေသလားလို့ ထင်ချင်စရာပါ။

ဒါပေမဲ့ မဟုတ်ပါဘူး။ နယူးဇီလန်နိုင်ငံသား ဇနီးမောင်နှံနှစ်ဦးတို့ရဲ့ အနုပညာ ပြကွက်ဖြစ်ပါတယ်။ ခြေပြတ်၊ လက်ပြတ် အရုပ်တွေကို ခြံစည်းရိုးမှာ ချိတ်ထားပြီး ကြောက်မက်ဖွယ်ပုံစံနဲ့ ဘာကိုများ အနုပညာပြကွက်အနေနဲ့ ပြထားပါလိမ့်လို့ တွေးချင်စရာပါ။

ကမ္ဘာတစ်လွှားမှာ ကလေးငယ်တွေ အကြမ်းဖက်ခံရတဲ့ ကိစ္စကို ရည်ရွယ်ပြီး ဒီခြေလက်အင်္ဂါ တစ်ပိုင်းတစ်စနဲ့ အရုပ် တွေကို ခြံစည်းရိုးတိုင်မှာ ချိတ်ထားတာဖြစ်ပါတယ်။ အနီးအနားဝန်းကျင်ရှိ တစ်ချို့တလေက မကြိုက်ကြပေမယ့် တစ်ချို့ ကတော့ သဘောကျကြတယ်လို့ ဟာ့တ်ဖလီးနဲ့ တာတယ်လ်တို့ ဇနီးမောင်နှံက ပြောပါတယ်။

Credit - Duwun

ထူးခြားဆန်းပြားမှ မဖတ်ရသေးတဲ့ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို ပြန်လည် ဖတ်ရှုလိုတယ်ဆိုရင် ရာဇ၀င် ကြည့်ရန်မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။









No comments: