Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Thursday, December 3, 2015

အငှားယာဉ်ကို လုယက်ယူဆောင်သွားသူများအား ဖော်ထုတ်ဖမ်းဆီးရမိ


၂၅.၁၁.၂၀၁၅ ရက် ၂၃၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ အငှားယာဉ်မောင်းဖြစ်သူ ဦးမောင်မောင်သည် ၎င်း၏ကယ်ရီနားအငှားယာဉ် အား မောင်းနှင်လာစဉ် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကုန်ပဒေသာမှတ်တိုင် အနီးအရောက် လူငယ်အမျိုးသား(၃)ဦးမှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ကျန်စစ်သားအိမ်ရာသို့ ငှားရမ်းသဖြင့်လိုက်ပို့ခဲ့ကြောင်း၊ ယာဉ်အားမောင်းနှင်လာစဉ် ကျန်စစ်သားလမ်းမပေါ်အရောက် ယာဉ်ပေါ်ပါလူငယ်တစ်ဦးမှ ဓားဖြင့် ထောက်၍ ယာဉ်မောင်းနေရာအားဖယ်ခိုင်းပြီး နောက်သို့ပြောင်းထိုင်ခိုင်းကာ တစ်ဦးမှမောင်းနှင်သွားခဲ့ကြောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၈)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ရိုးမရိပ်သာလမ်းဆုံအနီးသို့ရောက်ရှိစဉ် ယာဉ်ပေါ်မှဆွဲချပြီး ၀ိုင်းဝန်းထိုးကြိတ်ကာ ယာဉ်ကိုမောင်းနှင်ယူဆောင်သွား ခဲ့ကြကြောင်း ယင်းသို့ ဖြစ်ပွားခဲ့သည့်အတွက် ဦးမောင်မောင်တွင် ယာမျက်ခုံး နှင့်မျက်ခမ်းအောက်တို့တွင် ပွန်းပဲ့ဒဏ်ရာ၊ ယာနံဘေးတွင် ထိုးသွင်းဒဏ်ရာ တို့ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရကြောင်းနှင့် ပြစ်မှုကျူးလွန်သူ လူငယ်(၃)ဦးအားအရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၆၈၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၄ဖြင့် အမှုဖွင့် အရေးယူကာ ယင်းသို့ကျူးလွန်သူ လူငယ်(၃)ဦးကို စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့များမှ မိမိတို့နယ်မြေအတွင်း သတင်းစုံစမ်းခြင်း၊ ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးဆောင်ရွက်ရာတွင် သတင်းစုံစမ်းစစ်ဆေး ရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ အမှုမှ ပါဆုံးသွားသည့် မော်တော်ယာဉ်အား ၂၈.၁၁.၂၀၁၅ရက်နေ့ နေ့လယ်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၇)ရပ်ကွက်၊ကျန်စစ်သားလမ်းတွင် တွေ့ရှိခဲ့ပြီးပြစ်မှုကျူးလွန်သူများမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူများဖြစ်ကြသည့် ဖိုးခွား(ခ)ဖြိုးသဲ၊ ကြွက်ပေါက်(ခ)နိုင်လင်းထွန်းနှင့် အဖိုးကြီး(စုံစမ်းဆဲ)တို့(၃)ဦး ဖြစ်ကြောင်း သတင်းရရှိခဲ့ ပါသည်။

၎င်းတို့အား ဖမ်းဆီးရမိနိုင်ရေးအတွက် တိုင်း/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေခဲ့ရာ ၁.၁၂.၂၀၁၅ရက်နေ့တွင် ကြွက်ပေါက်(ခ)နိုင်လင်းထွန်းအားလည်းကောင်း၊ ၂.၁၂.၂၀၁၅ရက်နေ့တွင် ဖိုးခွား(ခ)ဖြိုးသဲအားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိသူ ကြွက်ပေါက(ခ)နိုင်လင်းထွန်းနှင့် ဖိုးခွား(ခ)ဖြိုးသဲတို့အားစစ်ဆေးချက်အရ ၎င်းတို့ (၃)ဦးသည်အခင်းဖြစ်နေ့က အငှားယာဉ်အားလုယက်ရန်တိုင်ပင်ခဲ့ကြပြီး အမှုမှာ ဦးမောင်မောင်၏ အငှားယာဉ်ကိုငှားရမ်းစီးနင်းကာ လုယက်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းထံမှငွေကျပ်(၂၀၀၀၀)နှင့် Keypadလက်ကိုင်ဖုန်(၂)လုံးကိုလည်း ယူဆောင်ကာ ယာဉ်မောင်းအား ၀ိုင်းဝန်းထိုးကြိတ်၍ ယာဉ်ပေါ်မှဆွဲချခဲ့ပြီး မော်တော်ယာဉ် အား မောင်းနှင်ထွက်ပြေးခဲ့ကြကြောင်း၊လုယူခဲ့သည့် Keypadဖုန်း(၂)လုံးနှင့် အခင်းဖြစ်ရာတွင် အသုံးပြုသည့်ဓား တို့အားလွင့်ပစ်ခဲ့ကြကြောင်း၊ ယူဆောင်  ခဲ့သည့်မော်တော်ယာဉ်ဖြင့်လှည့်လည်သွားလာနေစဉ် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံစုံစမ်းရှာဖွေနေကြောင်းသိရှိရသဖြင့် မော်တော်ယာဉ်အား ၂၇.၁၁.၂၀၁၅ရက်နေ့ညတွင် ကျန်စစ်သားလမ်း၌ ရပ်ထားခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ၎င်းတို့(၂)ဦးအား အမှုဖြင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူ အဖိုးကြီးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်


Posted via Blogaway

No comments: