Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Saturday, December 5, 2015

ကိုင်ရိုမြို့ရှိ စားသောက်ဆိုင်တစ်ခု၌ ဓာတ်ဆီပုလင်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားရာ လူ ၁၆ ဦးသေဆုံး

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့လယ်ရှိ စားသောက်ဆိုင် တစ်ခု၌ ဒီဇင်ဘာ ၄ ရက်က ဓာတ်ဆီပုလင်း ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ ထားကြောင်း တာဝန် ရှိသူများက ပြောကြား ထားသည်။

အဆိုပါ တိုက်ခိုက်မှုသည် စားသောက်ဆိုင်ရှိ နိုက်ကလပ်သို့ လူငယ်တစ်ဖွဲ့၏ ဝင်ရောက်မှုကို တားမြစ်ခဲ့သည့် ဝန်ထမ်းများ နှင့် ယင်းလူငယ် အဖွဲ့တို့အကြား အချေအတင် ဖြစ်ပွားရာမှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း အီဂျစ် ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားထားသည်။

ထို့ပြင် ဆိုင်ကယ်တစ်စီးကို စီးနင်းလာသည့် လူငယ်သုံးဦးသည် အဂူဇာ အရပ်ရှိ အဆိုပါ စားသောက်ဆိုင် အတွင်းသို့ ဓာတ်ဆီပုလင်း ဗုံးများဖြင့် ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားကြောင်း နိုင်ငံပိုင် MENA သတင်းဌာနက အစောပိုင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဓာတ်ဆီပုလင်း ဗုံးများပေါက်ကွဲ မှုမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နိုက်ကလပ် ဝန်ထမ်းများမှာ မီးလောင်ခံ ရခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်း တို့ကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း Nile TV သတင်းဌာနက  ပြောကြား ထားသည်။ မီးသတ်သမားများ အနေဖြင့် မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ က အဆိုပါ တိုက်ခိုက်မှု ကျူးလွန်သူများကို စုံစမ်းရှာဖွေမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

အီဂျစ်နိုင်ငံသည် ပြီးခဲ့သည့် နှစ်များအတွင်း လုံခြုံရေး ဝန်ထမ်းများနှင့် အရပ်သား များအပေါ် ပစ်မှတ်ထားသည့် တိုက်ခိုက်မှု များနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်း တိုက်ခိုက်မှုများကို ISIS စစ်သွေးကြွ အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိ သူများက ပြောကြား ထားသည်။


Posted via Blogaway

No comments: