Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Wednesday, December 2, 2015

ဒေါ်လာဘီလီယံများစွာတန်ဖိုးရှိ LG OLED မျက်နှာပြင်စက်ရုံ တည်ဆောက်မည်


OLED မျက်နှာပြင်များထုတ်လုပ်ရန် စက်ရုံသစ်တစ်ရုံအတွက် ကန်ဒေါ်လာကိုးဘီလီယံခန့်ရင်းနှီးမြှုပ် နှံရန် စီစဉ်ထားသည်ဟု တောင်ကိုရီးယားနိုင်ငံမှ LG Display ကုမ္ပဏီက ပြောသည်။

မြောက်ကိုရီးယားနိုင်ငံနှင့်နယ်စပ်အနီး ပါဂျူမြို့တွင်တည်ဆောက်မည့် ယင်းစက်ရုံအတွက်ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ဒေါ်လာ ၁၀ ထရီလီယံရှိသည်ဟု LG Dis-play ကုမ္ပဏီကပြောကြားသည်။

၂၀၁၈ ပထမနှစ်ဝက်အတွင်း ထုတ်လုပ်မှုများစတင်ရန် စီစဉ်ထားခြင်းနှင့်အတူ ကနဦးအဆင့် အသုံးစရိတ်ပမာဏဒေါ်လာ ၁ ဒသမ ၈ ထရီလီယံသုံးရန် စီစဉ်ထားကြောင်း သိရသည်။

OLED မျက်နှာပြင်များသည် ရုပ်ထွက်ပို၍ ကြည်လင်ပြတ်သားပြီး လျှပ်စစ်အားသုံးစွဲရမှုနည်းပါးကာ အသုံးများသော LCD မျက်နှာ ပြင်များထက် အမြတ်ပို၍ တွက်ခြေကိုက်ကြောင်းသိရသည်။

LG Display ကုမ္ပဏီသည် လက်ရှိကမ္ဘာပေါ်တွင် အကြီးမားဆုံး LCD မျက်နှာပြင်ထုတ်လုပ်သော ကုမ္ပဏီဖြစ်သော်လည်း ပိုမိုခေတ်မီသော OLED နည်းပညာ ပြောင်းသုံးမည်ဟု ပြောကြားနေသည်မှာ ကြာပြီဖြစ်သည်။

OLED မျက်နှာပြင်ဈေးကွက်သည် ပြီးခဲ့သည့်နှစ်က တန်ဖိုး ကန်ဒေါ်လာ ၈ ဒသမ ၇ ဘီလီယံမှ ၂၀၂၂တွင် ကန်ဒေါ်လာ ၂၉ ဒသမ ၁ ဘီလီယံသို့ ကြီးထွားလာမည်ဟု ခန့်မှန်းကြောင်း ဈေးကွက်သုတေသနလုပ်ငန်း IHS ကို ကိုးကား၍ LG Display ကုမ္ပဏီက ပြောသည်။

စမတ်ဖုန်း OLED မျက်နှာပြင်ဈေးကွက်ကို လက်ရှိအချိန်တွင် Samsung Display ကုမ္ပဏီက ကြီးစိုးထားပြီး မိခင် Samsung Electronic ကုမ္ပဏီနှင့် တရုတ်စမတ်ဖုန်းကုမ္ပဏီများအတွက် အလွန်ပါးလွှာသော မျက်နှာပြင်များ အဓိကထုတ်လုပ်ပေးနေသည်။


Posted via Blogaway

No comments: