Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Wednesday, December 2, 2015

မင်းခြံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၀၁၆ မတ်လတွင်ပြီးစီးမည်

 ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှရရှိမည့် ဓာတ်ငွေ့ဖြင့် မြင်းခြံဒေသတွင်တည်ဆောက် နေသော လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ် ထွက်ရှိနိုင်သည့် ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ၂၀၁၆ မတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှသတင်းရရှိသည်။

မြင်းခြံဒေသတွင်တည် ဆောက်နေသော ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား များကို မြင်းခြံတွင်တည်ဆောက် မည့် သံမဏိစက်ရုံသို့ ဓာတ်အား ဖြန့်ဖြူးပေးမည်ဖြစ်ပြီး ထိုမှတစ် ဆင့်ပေးပို့သောဓာတ်ငွေ့ကို ပြည် တွင်းသို့ ဖြန့်ဖြူးပေးမည်ဟု စုံစမ်းသိရသည်။

ရွှေစီမံကိန်းက ပြည်တွင်း သုံးအတွက်ရရှိမည့်   သဘာဝ ဓာတ်ငွေ့ကုဗပေသန်း ၁၀၀ ရှိ သည့်အနက် ကုဗပေသန်း ၅၀ ကို အဆိုပါစက်ရုံသို့ စွမ်းအင်ဝန်ကြီးဌာနက ပေးပို့ရမည်ဖြစ်သည်။ မြင်းခြံတွင်တည်ဆောက်မည့် သံမဏိ စက်ရုံက မည်မျှလျှပ်စစ်ဓာတ် အားရယူမည်ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း မရှိပေ။

မြင်းခြံဒေသတွင် တည် ဆောက်မည့် သဘာဝဓာတ်ငွေ့ သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မည့် တင်ဒါကို ၂၀၁၃ ၌ အစိုးရက တင်ဒါခေါ်ယူခဲ့သော်လည်း မည်သည့်ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားသည်ကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

မြင်းခြံဒေသတွင် တည် ဆောက်မည့် သဘာဝဓာတ်ငွေ့ သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တွင် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၇၁ ထွက်ရှိနိုင်သည့် စက်နှစ်လုံး၊ ၈၂ မဂ္ဂါဝပ်ထွက်ရှိနိုင်သည့် စက် တစ်လုံးတပ်ဆင်မည်ဖြစ်သည်။

ရွှေသဘာဝဓာတ်ငွေ့ပိုက် လိုင်းမှ ရယူမည့်ခွဲတမ်းများဖြင့် ကျောက်ဖြူနှင့် ကျောက်ဆည်မြို့နယ်တို့တွင် (ကနဦး) လျှပ်စစ်ဓာတ်အားပေးနေပြီဖြစ်သည်။ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှရရှိမည့် ဓာတ်ငွေ့များကို မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရခိုင်ပြည် နယ်တို့တွင် လျှပ်စစ်ဓာတ်အားပေးရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ရည်ရွယ်ထားကြောင်း သိရသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံ ကိန်းမှ ကျောက်ဖြူတွင် ကုဗပေ သန်း ၂၀၊ ရေနံချောင်းတွင် ကုဗ ပေ၂၃ သန်းနှင့် တောင်သာတွင်ကုဗပေ ၇၅ သန်း ဖြန့်ဝေရယူမည်ဖြစ်သည်။


Posted via Blogaway

No comments: