Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Thursday, December 3, 2015

ခါးပိုက်နှိုက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်မှု၊ခိုးမှု၊ လုယက်မှုများ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ၃၀.၁၁.၂၀၁၅ရက်နေ့ ၁၄၂၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း၊ သုဝဏ္ဏလမ်းဆုံ မှတ်တိုင်၌ စောင့်ကြည့်သတင်းစုံစမ်းနေစဉ် မှတ်တိုင်သို့ဆိုက်ရောက်လာသည့် အမှတ်(၄၉)ယာဉ်လိုင်း ဒိုင်နာခရီးသည်တင်ယာဉ်ပေါ်မှ ဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ များဖြစ်ကြသည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ရင်ထွေး (၂၉)နှစ်၊ သူရ(ခ)သူရအောင် (၂၄)နှစ်၊ ထက်မင်းသူ (၂၁)နှစ်နှင့် သာကေတမြို့နယ်နေ တရုတ်ကြီး(ခ)ချစ်ကို (၂၃)နှစ်တို့ (၄)ဦး အားတွေ့ရှိ သဖြင့် စစ်မေးရှာဖွေခဲ့ပါသည်။

ယင်းသို့ရှာဖွေရာ ထက်မင်းသူ၏ ကျောပိုးအိတ်အတွင်းမှ ငွေကျပ် (၂၀၀၀၀) အားတွေ့ရှိရပြီး အဆိုပါ ငွေများမှာ ယာဉ်ပေါ်တွင်လိုက်ပါစီးနင်းလာစဉ် ခရီးသည်အမျိုးသမီးတစ်ဦး၏ ဆလင်းဘက်အိတ် အတွင်းမှ သူရ(ခ) သူရအောင်၊ ထက်မင်းသူနှင့် တရုတ်ကြီး(ခ)ချစ်ကိုတို့မှ လူကာပေးပြီး ရင်ထွေးမှ ဇစ်ဖွင့်နှိုက်ယူရရှိခဲ့သောငွေများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ ပေါ်ပေါက်ချက်များအရ သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၄၆၀/၂၀၁၅၊ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Posted via Blogaway

No comments: